Wednesday, July 24, 2013
အွန်လိုင်းပေါ်မှ Lolita
မင်္ဂလာပါခင်ဗျာ . . .
အမေရိကအပါအ၀င် အနောက်နိုင်ငံများ၌ ကလေးလူကြီးမကျန် အွန်လိုင်းသုံးကြပါသည်။ ကလေးတို့၏အသိဥာဏ်
မှာ နိမ့်ပါးသေးသည်ဖြစ်ရာ အွန်လိုင်း ပေါ်မှ မသမာမှုများ၏ အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နိုင်ခြေများပါသည်။
အထူးသဖြင့် အရွယ်မရောက်သေးသော ကလေးတို့အား လိင်ကိစ္စနှင့် ပတ်သက်ပြီး ဖြားယောင်းခြင်းဖြစ်ပါတယ်။
သို့ဖြစ်၍ ယင်းအန္တရယ်ကိုကာကွယ်ရန် စပိန်နိုင်ငံမှ သုတေသီများသည် Lolita ဟုခေါ်သော virtual robot တစ်မျိုး
ကို တီထွင်ခဲ့ပါတယ်။
Lolita သည် အသက် (၁၄) နှစ်အရွယ်ရှိသော မိန်းမပျိုလေးအသွင် ဆောင်ထားပါတယ်။ Robot ဟုဆို
သော်လည်း Hardware ကို အခြေမပြုဘဲ software အပေါ်အခြေပြုထားသော Robot ဖြစ်ပါတယ်။ Lolita သည်
Online Chatting များတွင် ကလေးသူငယ်တို့အား လိင်ပိုင်းဆိုင်ရာ မြူဆွယ် ဖြားယောင်းသော မသမာသူများကို
ခြေရာခံပေးပါလိမ့်မည်။
Lolita အား Artificial Intelligence (AI) ဆော့ဖ်ဝဲလ်ပေါ် အခြေပြု၍ တည်ဆောက်ထားပါသည်။
ဤကိုယ်ပျောက်မိန်းကလေးသည် ကလေးသူငယ်များနှင့် ဆက်ကျော်သက်အရွယ်ကလေးများသုံးနှုန်းသော ဘာ
သာစကားကို တုပပြောဆိုနိုင်သည့်အပြင် တစ်ဖက်လူအနေဖြင့် စက်ရုပ်ဟုမထင်ရစေဘဲ လူသားအစ်တစ်ယောက်
နှင့် စကားပြောနေရသလို သဘာဝကျကျသရုပ်ဆောင်နိုင်ပါသေးသည်။
Lolita အား စတင်ထုတ်ဖော်ကာစတွင် တုံ့ပြန်ပြုမှုပုံ မခွဲခြားဘဲ ထုတ်လုပ်ခဲ့ပါသည်။ သို့သော် အွန်လိုင်း
ပေါ်တွင် ကြုံတွေ့ရသည့် တစ်ဖက်လူ၏ တုံ့ပြန်မှုအပေါ်မူတည်ပြီး Lolita ၏ တုံ့ပြန်ပြုမှုပုံသည် (၇) မျိုး အထိ
ကွဲပြားသွားနိုင်ပါသည်။ ဤသို့သော ကိုယ်ပျောက်စက်ရုပ်မျိုးကို တီထွင်နိုင်ခြင်းကြောင့် အွန်လိုင်းပြစ်မှုများနှင့်
ပတ်သက်ပြီး ၀န်ပိနေသော ရဲဝန်ထမ်းတို့အား အထိုက်အလျောက်သက်သာရာရစေမည်ဟု ပါရဂူတို့ကဆိုသည်။
သို့သော် အပြစ်မဲ့သူများကိုပါ ထောင်ချောက်ဆင်၍ ခြေရာခံနိုင်သော အန္တရာယ်လည်းရှိပါသည်။
ယခင်ကထုတ်လုပ်ခဲ့သော Chat Bot ခေါ် လူစကားပြောကိုယ်ပျောက်စက်ရုပ်တို့ကို တစ်ဖက်လူက
ရိပ်မိလွယ်ပါသည်။ ယင်းတို့၏ ပြုမှုပြောဆိုပုံနှင့် Chatting အပေါ်စိတ်ပါဝင်စားမှုတို့သည် အပြောင်းအလဲမရှိဘဲ
တသတ်မတ်တည်းဖြစ်နေပေရာ တစ်ဖက်လူက အလွယ်တကူရိပ်စားမိသည်မှာ လည်း အံ့သြစရာမဟုတ်ပါ။ ထို့
ကြောင့် အွန်လိုင်းရာဇ၀တ်မှု ကျူးလွန်သူများ အထူးသဖြင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာဖြားယောင်း
သူများအားအခြေခံရာတွင် အခက်အခဲဖြစ်စေခဲ့ပါသည်။
Lolita တွင်မှု game theory ဟုခေါ်သော AI နည်းပညာပေါ် အခြေခံထားသည့် အတွက် အဆင့်မြင့်
ဆုံးဖြတ်ရေးစွမ်းရည်များရှိနေပါသည်။ ထို့ကြောင့် Chatting ၏ အနေအထားပေါ်မှုတည်ပြီး လိုအပ်သလိုအလိုက်သင့်
ပြုမှုသွားမည်ဖြစ်ပါသည်။ Lolita သည် Chatting ၀င်ရာတွင် တစ်ဖက်လူ၏ ဦးဆောင်မှု ပြောဆိုမှုနောက်သို့ လိုက်ရုံတင်
မကဘဲ သူကိုယ်တိုင်လည်း ဦးဆောင်၍ ပြုမှုပြောဆိုနိုင်ပါသည်။ ယခင်က မည်သူနှင့် ပြောဆိုခဲ့ဖူးကြောင်း မည်သည့်
အကြောင်းအရာများ ပြောဆိုခဲ့ဖူးကြောင်း စသည့် လူတစ်ဦးချင်းစီနှင့် ပတ်သက်သည့်အချက်များကိုလည်း သူ၏
မှတ်ဥာဏ်ထဲတွင် သိမ်းဆည်းထားပါသည်။
Lolita သည် ကလေးများသုံးသော ဘာသာစကားနှင့် ဗန်းစကားများကိုလည်း တုပနိုင်ပါသည်။ လိုအပ်
လျှင် လိုအပ်သလို အတိုချုံး၍ ပြောခြင်း၊ စာလုံးပေါင်းအမှားများ ထည့်ခြင်း တို့ကို လည်းပြုလုပ်နိုင်ပါသည်။ ယင်းက
မသမာသူတို့အား လှည့်စားရန်လွယ်ကူစေပါသည်။ ယခုအခါတွင် Lolita အား ကလေးသူငယ်ဆိုင်ရာ ရာဇ၀တ်မှုကျူးလွန်
သူတို့ဝင်ရောက်လေ့ရှိသည်ဟုယူဆသော Chatroom များတွင် နေရာချထားတော့မည် ဖြစ်ပါသည်။ သူသည် Chatroom
ထဲတွင် တက်ကြွမှုမရှိသော အဖွဲ့ဝင်တစ်ဦးအဖြစ် ရှိနေပါမည်။ တစ်ဖက်လူ၏ သိမ်းသွင်းဖြားယောင်းမှုအပေါ် မူတည်
၍ အပြုအမှုအပြောအဆိုကို အလိုက်သင့် ညှိယူပြီး ယုံကြည်မှုရလာအောင်၊ မိတ်ဆွေဖြစ်လာအောင် ပြုမှုသွားပါလိမ့်
မည်။ ထို့အပြင်တစ်ဆင့်တက်၍ တစ်ဖက်လူ၏ လူမှုကွန်ယက်ဆိုင်ရာ အချက်အလက်များနှင့် မိုဘိုင်းဖုန်းနံပါတ်တို့
ကိုရအောင်ယူပါဦးမည်။ ထို့ကြောင့်အွန်လိုင်းရာဇ၀တ်ကျူးလွန်သူအား ခြေရာခံရာတွင် များစွာလွယ်ကူသွားစေပါသည်။
Lolita ကြောင့် အွန်လိုင်းအသုံးပြုသောကလေးသူငယ်များ ယခင်ကထက်စာလျှင် ပို၍ လုံခြုံမှုရှိလာပါလိမ့်မည်။
စိတ်ဝင်စားစရာဆောင်းပါးလေးမို့လို ကောက်နှုတ်တင်ပြလိုက်ပါတယ်ခင်ဗျာ . . .
ဆောင်းပါးရှင် - ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)(NetGuide Journal)
0 comments:
Post a Comment