Pages

Wednesday, July 24, 2013

မလေးရှားရောက် မြန်မာပြည်သူပြည်သားများနှင့် မြန်မာပြည်မှ မိသားစုများ အခမဲ့ ဆက်သွယ်ပြောဆိုနိုင်ရန်အတွက် Y-talk on the Road မော်တော်ယာဉ် စတင်ထွက်ခွာ

 မြန်မာဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီပို့နှင့် VMG Telecoms တို့ ပူးပေါင်းအကောင်အထည်ဖော် ၀န်ဆောင်မှုပေးသည့်
မြန်မာနိုင်ငံ၏ ပထမဆုံးနိုင်ငံတကာ သို့ အင်တာနက်မလို(လိုင်းဖုန်း၊ မိုဘိုင်းဖုန်း) တို့ဖြင့် ခေါ်ဆိုမှုစနစ်မိတ်ဆက်ပွဲကို ၉-၇-၂၀၁၃ နေ့တွင်
တော်ဝင်နှင်းဆီ ခန်းမ(ရွှေဂုံတိုင်) ၌ ကျင်းပပြုလုပ်ခဲ့သည်။  ထို့အပြင် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာပြည်
ပြည်သားများ နှင့် မြန်မာနိုင်ငံမှ ၎င်းတို့၏ မိသားစုများ အခမဲ့ ဆက်သွယ်ပြောဆိုနိုင်ရန် အတွက် Ytalk On the Road မော်တော်ယာဉ်တစ်စီးလည်း
အဆိုပါနေ့က စတင်ထွက်ခွာခဲ့သည်။

    "ဒီ Ytalk international Calling System ကို YTP နဲ့ VMG တို့ ပူးပေါင်းတည်ထောင်ခဲ့တာပါ။  Ytalk Server ကို ပြည်တွင်းမှာပဲထား
ရှိပါတယ်။  ပြည်ပဘက်မှာလည်း ဈေးပိုပေးရတဲ့ carrier တွေသုံးထားပါတယ်။  အခြားသော VOIP တွေမှာ မရှိသေးတဲ့စနစ်တွေလည်း ပါရှိပါတယ်။
နောင်ဆိုရင် ပြည်ပကနေပြည်တွင်းကို ပြန်လည်ခေါ်ဆိုလို့ရအောင် လုပ်ပေးပါမယ်။  လုပ်ခွင့်ရခဲ့ရင်လည်း ၂၀၀ကျပ် ကျော်လောက်နဲ့ပြန်ဆက်နိုင်မှာပါ။
    မကြာမီကျင်းပတော့မယ့် SEA Game မှာလည်း Ytalk International Calling ကို အာဆီယံနိုင်ငံတွေကလာတဲ့ အားကစားသမားတွေ
အတွက် အားကစားရုံ၊ အားကစားကွင်းစတဲ့ နေရာတွေမှာ ထားရှိမှာဖြစ်ပါတယ်။  အဲဒီနေရာတွေကနေ အားကစားသမားတွေက သူတို့နိုင်ငံဆီကို
Free ခေါ်လို့ ရမှာပါ။  အရင်က SEA Game အိမ်ရှင်နိုင်ငံတွေက အခုလိုမျိုး အစီအစဉ်မလုပ်ခဲ့ပါဘူး။  အခုလိုမျိုးကျွန်တော်တို့ လုပ်ပေးတာဟာ
နိုင်ငံဂုဏ်သိက္ခာ ကို မြှင့်တင်ရာလည်း ရောက်ပါတယ် " ဟု VMG Telecoms ၏ General Manager ဦးအောင်မင်းသိမ်း မှ ပြောကြားခဲ့သည်။
    အဆိုပါ Ytalk On the Road မော်တော်ယာဉ်ပေါ်တွင် မလေးရှား သို့ ဖုန်းခေါ်ဆိုနိုင်ရန် စုစုပေါင်း ဖုန်းအလုံးရေ ၆ လုံးပါရှိပြီး မလေးရှား
နိုင်ငံ တစ်နိုင်ငံတည်းသာ မိနစ်အကန့်အသတ်မရှိ မည်သူမဆို မော်တော်ယာဉ် ရောက်ရှိသည့်နေရာသို့ လာရောက်အခမဲ့ ခေါ်ဆိုနိုင်သည်။  မော်တော်ယာဉ်
စတင်ထွက်ခွာသည့်နေမှစ၍ တစ်လအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များဆီသို့ လှည့်ပတ်မောင်းနှင်သွားမည်ဖြစ်သည်။  နောက်ပိုင်းတွင်
လည်း နယ်မြို့များသို့ ဆက်လက်ထွက်ခွာ မောင်းနှင်ပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။

Credit : NetGuide Journal

0 comments:

Post a Comment