မြန်မာဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီပို့နှင့် VMG Telecoms တို့ ပူးပေါင်းအကောင်အထည်ဖော် ၀န်ဆောင်မှုပေးသည့်
မြန်မာနိုင်ငံ၏ ပထမဆုံးနိုင်ငံတကာ သို့ အင်တာနက်မလို(လိုင်းဖုန်း၊ မိုဘိုင်းဖုန်း) တို့ဖြင့် ခေါ်ဆိုမှုစနစ်မိတ်ဆက်ပွဲကို ၉-၇-၂၀၁၃ နေ့တွင်
တော်ဝင်နှင်းဆီ ခန်းမ(ရွှေဂုံတိုင်) ၌ ကျင်းပပြုလုပ်ခဲ့သည်။ ထို့အပြင် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာပြည်
ပြည်သားများ နှင့် မြန်မာနိုင်ငံမှ ၎င်းတို့၏ မိသားစုများ အခမဲ့ ဆက်သွယ်ပြောဆိုနိုင်ရန် အတွက် Ytalk On the Road မော်တော်ယာဉ်တစ်စီးလည်း
အဆိုပါနေ့က စတင်ထွက်ခွာခဲ့သည်။