
အောင်ကျော်: နောက်တစ်ခုလောက်ထပ်ပြီးတော့ကူညီပါဦး။ laptop မှာ charging သွင်းတဲ့အခါ အနီရောင် ကြက်ခြေခတ် လေးပေါ်နေတယ် ပလပ်ဖြုတ်ထားရင်တော့မပေါ်ဘူး။ ဘာဖြစ်တာပါလဲ။ ကူညီပါဦးနော်။
Battery ကို 99% ကနေ 100% ထိ ဘက်ထရီ ကြိုးချိတ်ထားပြီး အားသွင်းထားပါ ... စက်ကို Restart ချပါ ... Window စ တတ်တတ်ချင်း F8 ကို ဆက်တိုက် နှိပ်ပေးပါ... ပုံထဲကလို Safe Mode ကိုရွေးပါ ...

Safe Mode ထဲရောက်ရင် ဘက်ထရီ ကြိုးကို (Plug ခေါင်းကို) ဖြုတ်ပြီး နောက်တစ်ခါ ပြန်တပ်ပေးလိုက်ပါ....

ပြီးရင် ကွန်ပျူတာ ကို Normal အတိုင်း ပြန်ဖြစ်ဖို့ Restart ချပေးလိုက်ပါ....။
အပေါ်ကပုံထဲကလို Red Cross ခေါ်တဲ့ အနီရောင်ကြက်ခြေခတ်လေး မရှိတော့တာတွေ့ရမှာပါ...။
နည်းလမ်း (၂)
Run ကိုခေါ်ပါ (Win + R)
devmgmt.msc စာကြောင်းကို ရေးထည့်ပြီး Enter ခေါက်ပါ...
ပုံထဲကအတိုင်း Device Manager ပေါ်လာရင် Batteries > Microsoft ACPI-Compliant Control Method Battery ကို Right Click > Uninstall နှိပ်ပေးပြီး စက်ကို Restart ချပေးလိုက်ပါ...။
တခြား Decice တွေမှာ အဝါရောင် အမှတ်လေးတွေပေါ်နေရင်လဲ ဒီနည်လမ်း အတိုင်း Uninstall လုပ်ပေးပြီး စက်ကို Restart ချပေးနိုင်ပါတယ်...။
0 comments:
Post a Comment