Sunday, May 12, 2013

www.google.com.mm နှင့် မြန်မာစာ

www.google.com.mm ကသုံးထားတာက Unicode ပါ။  Zawgyi-One ကိုပဲအမြဲသုံးတဲ့ကျွန်တော်တို့အတွက် Font နှစ်ခုစလုံးပေါ်စေဖို့ များစွာအခက်အခဲ ဖြစ်စေပါတယ်။  အခုကျွန်တော်ပြောမယ့် နည်းလမ်းကတော့ Zawgyi-One နဲ့ Unicode ကို Font Setting မပြောင်းပဲ အဆင်ပြေပြေဖတ်နိုင်ဖို့ပါ။

Myanmar 3 font ကို  ဒီမှာ   ဒေါင်းလိုက်ပါ။  ပြီးရင် Install လုပ်ပါ။
Zawgyi-One   ကတော့ လူတိုင်းလိုလို ရှိပြီးသားမိုလို့ ထည့်မပြောတော့ပါဘူး။

Firefox က Tools ကို နှိပ်လိုက်ပါ Add-ons (Ctrl+Shift+A) ကိုသွားပါ။  ပြီးရင် Search Box မှာ GreaseMonkey လို့ရိုက်ပြီး Install လုပ်ပါ။ ပြီးရင် Firefox ကို Restart ချလိုက်ပါ။
https://userscripts.org/scripts/show/103745  လင့်ကိုသွားပြီး  ညာဘက်အပေါ်ထောင့်နားမှာ Install ဆိုတဲ့အစိမ်းလေးကို နှိပ်ပြီး Install လုပ်လိုက်တဲ့အခါ Pop-up window ဆိုတဲ့ Box ပေါ်လာရင် Install ကိုနှိပ်လိုက်ပါ။

နောက်တစ်ဆင့်ကတော့ Tools ထဲက Options ကိုနှိပ်ပြီး Fonts & Colors ထဲက Advanced ကိုနှိပ်လိုက်ပါ။ 



Fonts for : Western
Proportional : Sans-Serif
Serif : Times New Roman
Sans-serif : Airal
Monospace : Courier New
Dafault Character Encoding : Western ( ISO-8859-1 )

ပြီးရင် OK နှိပ်လိုက်ပါ။
နောက်ဆုံးအဆင့်အနေနဲ့ firefox ကိုဖွင့် address bar မှာ about:config လိုရိုက်ပြီး enter နှစ်ချက်ခေါက်လိုက်ပါ။
search box မှာ font.name.sans-serif.x-unicode လိုရိုက်ပြီး တွေ့လျှင် ကလက်နှစ်ချက်နှိပ်ပြီး Arial
ကိုဖြတ် Ok နှိပ်ပေးလိုက်ပါ နောက်တစ်ခုက search box မှာပဲ font.name.serif.x-unicode ရှာပါ တွေ့လျှင် double click နှိပ်ပြီး TimeNewRomance(Or) Airal  ကို Zawgyi-one ကိုပြောင်းပေးလိုက်ပြီး Ok ပေးလိုက်ပါ။
Zawgyi ကော unicode ကော အဆင်ပြေပြေဖတ်လို့ရတာတွေပါလိမ့်မယ်။  Zawgyi နဲ လဲ ရိုက်လို့ရတာတွေပါလိမ့်မယ်။  မရရင်တော့ firefox ကို restart ချကြည့်ပါ အဆင်ပြေပါလိမ့်မယ်။

Credit : http://laminmaung2014.blogspot.com