Monday, March 2, 2015

Turning off the Auto-correct in Excel


မေး ။ Excel မှာ Shwe လို့ရိုက်ပြီး space ခြားလိုက်တာနဲ့ she လို့ ပြောင်းပြောင်းသွားပါတယ်။ Shwe လို့ပဲ ပေါ်အောင်ဘယ်လိုလုပ်လို့ရပါသလဲ?


ညီမ တစ်ယောက်က မေးထားတဲ့မေးခွန်းလေးပါ။
အခြားသူငယ်ချင်းတွေလဲ ကြုံဘူးကြတာ ရှိပါလိမ့်မယ်။
Teh လို့ရိုက်လိုက်ရင် The လို့ပြောင်းသွားတာ၊ myu လို့ရိုက်လိုက်ရင် my ပဲ ဖြစ်သွားတာ စသဖြင့်ပေါ့။

ဒီလို ပြောင်းပြောင်းသွားတာဟာ Excel ရဲ့ Autocorrect function ကြောင့် ဖြစ်နေတာပါ။

ဒါကြောင့် Autocorrect ကို ပိတ်ထားလိုက်တာနဲ့ အဆင်ပြေပါပြီ။
၁။ အဲဒီအတွက် Excel Option ကနေ တစ်ဆင့် Proofing ကိုသွားပါ။
Box 1 မှာပြထားတဲ့ Auto Correct Option ကို ကလစ်လိုက်ပါ။ နောက်ထပ် window အသေးတစ်ခုကျလာပါမယ်။
၂။ Box 2 မှာ ပြထားတဲ့အတိုင်း Replace text as you type ကို အမှန်ခြစ် ဖြုတ်လိုက်ပါ။
OK ပေးပြီး ပြန်ထွက်လိုက်တာနဲ့ ရပါပြီ။

မူရင်းလင့်။     ။ Myanmar Excel Expert Team

0 comments: