Tuesday, May 19, 2015

Facebook သုံးစွဲသူမည်သူမဆို Facebook Community Standards Guidelines နှင့် မကိုက်ညီသည်များကို Facebook အား Report လုပ်နိုင်ခြင်း

 
Facebook ကို သုံးစွဲဖို့အတွက် Account စလုပ်ကတည်းက "Sign Up" ဆိုတဲ့ ခလုတ်ရဲ့အပေါ်မှာ သူရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါမယ်ဆိုတဲ့ သတိပေးချက်ဖြစ်တဲ့

"By clicking Sign Up, you agree to our Terms and that you have read our Data Policy, including our Cookie Use."
 
 ဆိုတာလေး ရှိပါတယ်။ အဲ့ဒီဟာကို သေချာသွားမဖတ်ကြဘဲနဲ့ များသောအားဖြင့် ကျော်လိုက်ကြပါတယ် ... ဒါပေမယ့် အဲ့ဒီထဲမှာ Facebook အသုံးပြုသူတွေအနေနဲ့ Facebook Community Standards Guidelines နဲ့ မကိုက်ညီတာတွေတင်တယ်ဆိုရင် Facebook ကို တိုင်ကြားနိုင်တယ်ဆိုတဲ့ အချက်ပါဝင်ပါတယ် ... Report ကတော့ ဘယ်သူမဆို တိုင်ကြားပေးပို့နိုင်ပါတယ် ... တက်လာတဲ့ report တွေကို Facebook ဘက်ကနေပြီးတော့ စစ်ဆေးပြီးတော့ ဖြုတ်မယ်၊မဖြုတ်ဘူး ဆုံးဖြတ်ပါတယ် ... တကယ်လို့များ အဲ့ဒီအကြောင်းလေးကို သတိမထားမိခဲ့ဘူးဆိုရင် ဒါလေးကို သေချာ ဖတ်စေချင်ပါတယ် ...
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


Facebook သုံးစွဲသူများအနေဖြင့် ပျော်ရွှင်လုံခြုံစွာ အသုံးပြုနိုင်စေရန် Facebook မှ Community Guidelines ဆိုသည်များကို သတ်မှတ်ပေးထားပြီး ထို Guidelines နှင့် မကိုက်ညီသည်များကို user များမှ တွေ့ကြုံရပါက report လုပ်နိုင်ရန် Reporting tools များထားရှိထားပါသည်။
ထို Standard Guidelines များတွင်ပါသည့် အချက်များမှာ -

Direct Threats -Facebook မှတဆင့် မိမိလုံခြုံရေးကို တိုက်ရိုက် ထိခိုက် ခြိမ်းခြောက်မှုရှိသော အကြောင်းအရာများ

Self Injury - မိမိကိုယ်ကိုယ် ထိခိုက် အနာတရ ပြုစေရန် အားပေးလှုံ့ဆော်မှုများ

Dangerous Organization - အကြမ်းဖတ်အဖွဲ့အစည်းများ၊ ရာဇဝတ်ကျူးလွန်သော အဖွဲ့အစည်းများ

Bullying or Harassment - လူတစ်ဦး တစ်ယောက်ခြင်းကို ဖြစ်စေ အဖွဲ့အစည်း တစ်ခုကိုဖြစ်စေ မတရား အနိုင်ကျင့်စော်ကားမှုများပြုခြင်း

Criminal Activity - ရာဇဝတ်မှုများပြုလုပ်ရန် ဆွေးနွေးကြံစည် ရေးသားခြင်း

Sexual Violence and Exploration - လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နှင့် အရွယ်မရောက်သူများအား လိင်ပိုင်းဆိုင်ရာ အခွင့်အရေးယူမှုများကို အားပေးထောက်ခံ ပြောဆိုခြင်း

Regulated Goods - တရားမဝင်ပစ္စည်းများ (ဆေးဝါးများ) ရောင်းဝယ်ခြင်း

Nudity - ဝတ်လစ်စလစ် ပုံများတင်ခြင်း

Hatespeech - လူတစ်ဦးတစ်ယောက်အား ထိုသူ၏ လူမျိုး၊ လူမျိုးစု အနွယ်ဝင်၊ ဘာသာရေး ယုံကြည်ရာ၊ လိင်စိတ်ခံယူမှု၊ လိင်ကွဲပြားမှု၊ ခန္တာကိုယ် ချို့ယွင်း ကွဲပြားမှုများအပေါ် အခြေခံသော အမုန်းစကားများ ထုတ်ဖော် ပြောဆိုမှု

Violence and Graphic Content - လူအများစု ကြည့်ရှုရန် မသင့်လျှော်သော ပုံများတင်ခြင်း
https://www.facebook.com/communitystandards

အထက်ဖော်ပြပါ Community Standards Guidelines များနှင့် သက်ဆိုင်သော အကြောင်းအရာများရှိပါက reporting လုပ်နိုင်သော features များပါရှိပါသည်

ထို reporting tools သည် Facebook သုံးစွဲသူ လူတိုင်းမှ Community Guidelines အား မလိုက်နာသူများကို reporting လုပ်နိုင်ရန် ထားရှိထားပါတယ်။ မည်သူ မဆို reporting လုပ်နိုင်ပါသည်။ Report လုပ်သမျှကိုလည်း Facebook မှပြန်လည် သုံးသပ်ပြီး ဖျက်ခြင်း မဖျက်ခြင်းများကိုလုပ်ပါသည်။ ထို Process သည် Facebook တစ်ဦးတည်းသာလျှင် ပြုလုပ်ခြင်းဖြစ်ပြီး မည်သည့် ပြင်ပ အဖွဲ့အစည်းမှ မပါဝင်ပါ။


MIDO သည်လည်း အင်တာနက်လွတ်လပ်ခွင့် နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းကိုလည်း သက်ဝင်ယုံကြည်ပြီး ပန်းစကား လှုပ်ရှားမှုတွင်ပါ အားတတ်သရော ပါဝင်သည့် အဖွဲ့အစည်း တစ်ခုလည်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ MIDO မှ Facebook သုံးစွဲသူအဖွဲ့သားများအနေဖြင့် Facebook သုံးစဉ် မိမိမြင်တွေ့ခံစားရသော Facebook Community Guidelines နှင့် မကိုက်ညီသည်များကို အခြား Facebook သုံးသူများနည်းတူ Report လုပ်ခြင်းများကို လည်း ကိုယ်တိုင် ကျင့်သုံး ဆောင်ရွက်ပါသည်။
  

A Yaung Yint

0 comments: