Sunday, May 11, 2014

Folder Lock V7.2.0

Folder Lock ဆိုတာနဲ့ စာဖတ်သူလဲ အနည်းအကျဉ်းလောက်တော့ သဘောပေါက်သွားလောက်မှာပါ။  ဒါပေမယ့် အခု Folder Lock 7 လေးမှာ တော့ Folder Lock ဆိုတာထက်ကိုပိုတဲ့ အသွင်အပြင်တွေ
ပါဝင်လာပါတယ်။  Folder Lock ကိုဝင်လိုက်တာနဲ့ ခေါင်းစဉ် ငါးခု နဲ့လာပါတယ်။  Lock Files, Encrypt Files, Secure Backup, Protect USB/CD နဲ့ Make Wallets တွေပါပဲ။

1. Lock Files ကတော့ File တွေ၊ Folder တွေကို တစ်ခုချင်း Lock နဲ့ Unlock လုပ်တဲ့အပိုင်းပေါ့။
2. Encrypt Files ကတော့ မီးခံသေတ္တာတစ်လုံးဖန်တီးလိုက်တဲ့သဘောပေါ့။  အဲဒီထဲမှာ ထည့်သိမ်းနိုင်တယ်ဆိုတာမျိုးပေါ့။
3. Secure Backup ကတော့ Online နဲ့ချိတ်ဆက်ပြီး backup ပြုလုပ်ရတဲ့အပိုင်းပါ။
4. Protect USB/CD ကတော့ ကျွန်တော်တို့ lock လုပ်ထားတဲ့ဖိုင်တွေကို USB, CD/DVD တို့ထဲကို ကူးမှာလား၊ အခွေဘမ်းမှာလားပေါ့။
    နောက်တစ်ခုပါသေးတယ်ဗျ။  အဲဒီအချက်ကိုအကြိုက်ဆုံးပဲ Encrypt Email Attachment ဆိုတာပါပဲ။  lock လုပ်ထားတာကို မေးလ် attachment လုပ်နိုင်တာပေါ့။  သူများတွေလဲမသိတော့ဘူး။ 
    ဖွင့်ချင်တဲ့သူကလဲ ဒီအတိုင်းဖွင့်လို့မရဘူး။ အနည်းနဲ့အများတော့ စိတ်ချရတာပေါ့ဗျာ
5. Make Wallets ဆိုတာကတော့ Bank Account, Business Card, Business Info, Credit Card, General Purpose, Health And Hygiene, ID Card, License, Passport အစရှိတာတွေကို သိမ်းမှတ်နိုင်တာပါ။

အသေးစိတ်ကိုသိချင်ရင်တော့ မိမိကိုယ်တိုင်အသုံးပြုပြီးမှ ကောင်းသည်၊ ဆိုးသည် ကိုသိနိုင်မှာပါ။  လူအကြိုက်တစ်ခုနဲ့တစ်ခုတော့မတူညီကြပါ။ 
စိတ်ဝင်စားရင် အောက်ပါလင့်မှာ ရယူနိုင်ပါတယ်။
Rar Password ကတော့ AiO Group ဖြစ်ပါတယ်။


0 comments: