Sunday, March 22, 2015

Facebook Group တွေမှာ Post ကို Admin approval ပြုလုပ်နည်း




မင်္ဂလာပါခင်ဗျာ
အခုပြောပြမယ့် နည်းလမ်းလေးကတော့ Facebook Group တွေမှာ post တစ်ခုတင်တော့မယ်ဆိုရင်
Admin က approval ပြုလုပ်ပေးမှာသာ post အဖြစ် အကုန်လုံးကို မြင်စေနိုင်မယ့် နည်းလမ်းလေးပါပဲ။
ဒီနည်းလမ်းလေးကို အသုံးပြုခြင်းအားဖြင့် ကောင်းကျိုးကတော့
ကျနော်တို့ပြုလုပ်ထားတဲ့ Group တွေထဲမှာ phishing တွေ၊ ညစ်ညမ်းတဲ့
အသုံးအနှုန်းတွေ ကို post အဖြစ် မြင်တွေ့စရာမလိုတော့ပါဘူး။

ဆိုးကျိုးကတော့ post တစ်ခုခြင်းဆီကို လိုက်လံစစ်ဆေးနေပြီး approval ပြုလုပ်ပေးရတာ အချိန်ကုန်ရတာပါပဲ။
ကျနော်တို့ရဲ့ group လေးတွေ သန့်သန့်ရှင်းရှင်းနဲ့ phishing တွေလက်ထဲကနေ
group ရဲ့ member တွေကင်းလွတ်စေတော့ အချိန်ကုန်ရကျိုးနပ်ပါတယ်။

Group ရဲ့ admin အကောင့်ကို facebook မှာ login ၀င်ထားပါ။  ပြီးရင်


Edit Group Settings ကို နှိပ်ပါ။


အောက်ဆုံးက Post Approval မှာ အမှန်ခြစ်ပေးပြီး Save ကို နှိပ်ပေးလိုက်ပါ။  အခုဆိုရင် Post တစ်ခုတင်တိုင်း Group ထဲရှိ member တွေတန်းပြီးမမြင်ရသေးပါဘူး။  Admin ဖြစ်သူက Approval လုပ်ပေးမှသာ မြင်တွေ့ခွင့်ရတော့မှာပါ။
Admin အနေနဲ့ post တွေတင်ထားသမျှကို notification အနေနဲ့လာပြနေပြီး
 
နဲ့   

ကို click နှိပ်ပြီး approval ပြုလုပ်ပေးရုံပါပဲ။
ပြန်ဖြုတ်ချင်တယ်ဆိုရင်တော့ အမှန်ခြစ် ပြန်ဖြုတ်ပြီး Save ကိုပဲနှိပ်ပေးလိုက်ပါ။  အဆင်ပြေစေကြပါစေဗျာ . . .

ref : https://www.facebook.com/help/131887213640898  

0 comments: