Sunday, March 22, 2015

သင့် Facebook Account က Friends List ကို ဖွက်ထားမယ်

ဒီတစ်ခါ ညီမလေးတစ်ယောက်ကမေးထားလို့ပါ သူ့ရဲ့ Friends List ကိုသူများတွေလာကြည့်ရင် မမြင်ရအောင်လို့ ဘယ်လိုလုပ်ရပါသလည်းတဲ့ …. 
ဘာကြောင့် Hide ရပါသလည်း ဆိုတာအရင်
အကြမ်းဖျဉ်းလေးရှင်း ပြပါရစေ.. ကျွန်တော်တို့ Facebook မှာ Friend Request လာလုပ်တယ်
ဆိုရင် အဲ့ဒီလူရဲ့ Info နဲ့ Mutual Friends နဲ့ Friends List ကိုအရင်ဝင်ကြည့်ပါတယ်။ ဘာကြောင့်
လည်းဆိုတော့ လိုင်းပေါ်မှာက Fake Account တွေများလွန်းလို့ ဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ 
Info အကြမ်းဖျဉ်းအရ သူငယ်ချင်းList ကိုကြည့်လိုက်ရင် ဒီလူက ဘယ်နယ်ပယ်ထဲက
လည်းဆိုတာ အကြမ်းဖျဉ်းခန့်မှန်းနိုင်ပါတယ်။  စကားတွေလည်း များပြီဗျာ ကဲ စမယ်။ အရင်ဆုံး မိမိအကောင့်ကို အရင်ဝင်လိုက်ပါ။  ထို့နောက် မိမိရဲ့ Time Line ကိုသွားလိုက်ပါမယ်။
ထို့နောက်တော့ ကျွန်တော်တို့က  Friends ဆိုတဲ့ Tab ကိုသွား လိုက်ပါမယ်။
ထို့နောက် လေးထောင့်ကွက် အသေးလေးကိုနှိပ်လိုက်ပါ့မယ်။
ဒီနောက်တော့ Edit Privacy ကို နှိပ်လိုက်ပါ့မယ်။  ဒါဆိုရင်အောင်ပါပုံအတိုင်း ပေါ်လာပါမယ်။
အဲ့နေရာမှာ Friends List ဆိုတဲ့နေရာမှာ Who can see your friend List? ဆိုတဲ့နေရာမှာ Public ဖြစ်နေမယ် Friends ဖြစ်နေမယ်ဆိုရင် Only Me ဆိုတာကိုရွေးချယ်ပေးလိုက်ရုံပါပဲ…. ဒါဆိုရင် သင့်ရဲ့ Friend ကပဲ ဖြစ်ဖြစ် Public ကပဲဖြစ်ဖြစ် သင့်အကောင့်ထဲကိုဝင်ပြီး သင့်ရဲ့ Friends List ကိုအကုန်လုံး အသေးစိတ်မြင်တွေ့ရမှာမဟုတ်တော့ပါဘူး။



ကဲ အားလုံးပဲ အဆင်ပြေမယ်လို့ ထင်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni @ဦးဇာနည်
Credit : http://uzarnitech.blogspot.com/2015/03/facebook-account-friend-list.html

0 comments: