Friday, May 15, 2015

ဖုန်းသုံးစွဲ သူတိုင်းအတွက် Power Bank


iKANOO Bluetooth Speaker and External Power Bank

iKANOO အမှတ်တံဆိပ် Bluetooth Speaker and External Power Bank ဖြစ်သည်။ Bluetooth Function ပါဝင်သော မည့်သည့်ထုတ်ကုန် ပစ္စည်းဖြင့်မဆို ချိတ်ဆက်အသုံးပြု နိုင်သည်။ သီချင်း နားထောင်ခြင်းများကို ပြုလုပ်နိုင်သည့် Speaker နှင့် မိုဘိုင်းဖုန်းများကို အလွယ်တကူ အားသွင်းယူခြင်းများ ပြုလုပ်နိုင်သော External Power Bank တစ်ခုလည်း တွဲဖက်ပါဝင် မည်ဖြစ်သည်။ အရွယ်အစား သေးငယ်ပြီး သွားလေရာသို့ အလွယ်တကူ သယ်ဆောင် သွားနိုင်မည် ဖြစ်သည်။ Speaker အသံထွက် အရည်အသွေးလည်း အထူးကောင်းမွန်မည် ဖြစ်သည်။ နှစ်မျိုးအသုံးပြု နိုင်တဲ့အတွက် သုံးစွဲသူများ အကြိုက်တွေ့စေ နိုင်မည်ဖြစ်သည်။
တန်ဖိုး- ၃၅,၀၀၀
ဖုန်း- ၀၉- ၅၀၅၃၇၈၉, ၀၉- ၅၄၀၀၃၇၈

Longtron Power Bank 4000 mAh

ချစ်စရာ smile ပုံလေးများကို ထည့်သွင်းတည်ဆောက် ပေးထားသည်။ အားသိုလှောင် သိမ်းဆည်းနိုင်မှု ပမာဏအနေဖြင့် 4000mAh ကို အထောက်အပံ့ ပေးထားပြီး အားပြည့်မပြည့်ကို Smile ပုံစံမှ LED မီးအလင်းရောင်များဖြင့် ဖော်ပြပေးမည် ဖြစ်သည်။ Smart phone များအပြင် အခြား Camera,MP3/MP4, Mobile phone , Gameplayer များကို အလွယ်တကူ အားသွင်း အသုံးပြုနိုင်သည်။ Muti  Short Circuit Protection system ကိုအသုံးပြု တည်ဆောက် ထားသောကြောင့် အရည်သွေး ယုံကြည်စိတ်ချစွာဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။
တန်ဖိုး- ၁၄,၅၀၀
ဖုန်း- ၀၁- ၂၅၂၆၂၇

MELKO Power Bank 5200 mAh     

MELKO အမှတ်တံဆိပ် Mini Power Bank ဖြစ်သည်။ ပုံစံဒီဇိုင်းဆန်းဆန်း ကြိုက်နှစ်သက် သူများအတွက် အထူးအဆင် ပြေစေမည် ဖြစ်သည်။ အားသိုလှောင် သိမ်းဆည်းနိုင်မှု ပမာဏအနေဖြင့် 5200mAh ကို အထောက်အပံ့ ပေးထားပြီး အားပြည့်မပြည့်ကို  LED  Display ပေါ်တွင်ကိန်း ဂဏန်းနံပါတ်များဖြင့် ပြသပေးမည်ဖြစ်သည်။ ဓါတ်မီးအနေဖြင့်လည်း အသုံးပြုနိုင်သည်။ Input အနေဖြင့် Micro USB 5v/1A ဖြစ်ပြီး Output မှာ 5V/2.1A ဖြစ်သည်။ Li-ion Battery အမျိုးအစားကို ထည့်သွင်းအသုံးပြု ထားသည်။ အာမခံအနေဖြင့် ၁ နှစ်ပေးထားသည်။
တန်ဖိုး- ၂၄,၀၀၀
ဖုန်း- ၀၉-၇၃၂၂၁၂၁၂၊ ၀၉-၇၃၂၂၁၆၁၆

Anker Power Bank 10000 mAh

iPhone, iPad နှင့် မိုဘိုင်းဖုန်း အမျိုးမျိုးကိုအား ပြန်လည်သွင်း ပေးနိုင်သော Anker အမှတ်တံဆိပ် Power Bank ဖြစ်သည်။ အားသိုလှောင် သိမ်းဆည်းမှု ပမာဏအနေဖြင့် 10000 mAh အထိ အထောက်အပံ့ ပေးထားသည်။ Power Bank ကို အားအပြည့်သွင်းထားပါက မည့်သည့်ဖုန်း အမျိုးအစားကို မဆို ၃ ခေါက် မှ ၄ ခေါက်အတွင်း အားသွင်းခြင်းများကို ပြုလုပ်နိုင် မည်ဖြစ်သည်။ USB ပေါက်နှစ်ပေါက် ပါဝင်မည်ဖြစ်ပြီး မိုဘိုင်းဖုန်း နှစ်လုံးအား တစ်ပြိုင်နက် အားသွင်းခြင်းကို ပြုလုပ်နိုင်မည် ဖြစ်သည်။ အားသွင်းရာတွင်လည်း မီးအားပြည့်မပြည့်ကို LED မီးလုံး ၄ လုံးဖြင့် ပြသပေးနိုင်မည် ဖြစ်သည်။
တန်ဖိုး- ၅၀,၀၀၀
ဖုန်း- ၀၉-၅ ၀၅၃၇၈၉၊ ၀၉-၅၄၀၀၃၇၈

Samsung Power Bank 13800 mAh

မိုဘိုင်းဖုန်း အမျိုးမျိုးဖြင့် ချိတ်ဆက် အသုံးပြုနိုင်သော Samsung အမှတ်တံဆိပ် Power Bank ဖြစ်သည်။ မိမိ မိုဘိုင်းဖုန်းအား အလွယ်တကူ အားဖြည့်သွင်းခြင်းများ ပြုလုပ်နိုင်သည့်အတွက် ခရီးဝေး သွားလာတက်သူများ ယူဆောင်သွားရန် အထူးသင့်လျော် မည်ဖြစ်သည်။ အားသိုလှောင် သိမ်းဆည်းမှု ပမာဏအနေဖြင့် 13800mAh ကိုအထောက်အပံ့ ပေးထားသည်။ Input မှာ DC 5V/1.0A ဖြစ်ပြီး Output မှာ DC5 V/1.0A (max), 2.0A(max) ဖြစ်သည်။ LED မီးလုံးပါဝင်သည့်အတွက် လက်နှိပ်ဓာတ်မီး အနေဖြင့်ပါ အသုံးပြုနိုင်မည် ဖြစ်သည်။
တန်ဖိုး- ၂၄ ,၀၀၀
ဖုန်း- ၀၁- ၃၈၂၈၆၈, ၃၉၈၃၄၃

PISEN Moonbox Power 6000 mAh

မည်သည့်နေရာ၊ မည်သည့်ဒေသသို့ ရောက်ရောက် အလွယ်တကူ သယ်ဆောင်သွားနိုင်သော PISEN အမှတ်တံဆိပ် Moonbox Power အမျိုးအစား mobile power box တစ်မျိုးဖြစ်သည်။ 6000mAh ပမာဏရှိသော စွမ်းအင်ကို သိုလှောင် ပေးထားနိုင်ပြီး USB ပါဝင်သော Device များကို အားသွင်းနိုင်မည် ဖြစ်သည်။ USB ပေါက်နှစ်ပေါက် ပါဝင်သောကြောင့် ဖုန်း၊ Tablet များကို  တစ်ပြိုင်နက် အားသွင်းနိုင်မည် ဖြစ်သည်။ LED Flashlight ပါဝင်သည့်အတွက် အရေးပေါ် မီးအနေဖြင့်လည်း အသုံးပြုနိုင်သည်။
တန်ဖိုး- ၂၀ ,၀၀၀
ဖုန်း- ၀၁- ၂၄၅၉၄၅

Music Buddy Powerbank 7800 mAh

MP3 စနစ်ပါဝင်သည့် Made in Thailand အမျိုးအစား Powerbank ဖြစ်သည်။ အားသိုလှောင်မှု ပမာဏမှာ 7800 mAh ဖြစ်ပြီး  ခေါင်းပြောင်း ၇ ခု ပါဝင်သည့်အတွက် မိုဘိုင်းထုတ်ကုန် အများစုကို အလွယ်တကူဖြင့် ချိတ်ဆက်အားသွင်း နိုင်မည်ဖြစ်သည်။ TF card Slot နှင့် LED Flashlight ပါဝင်သည်။ Powerbank တွင် ပါဝင်သည့်  Volume အတိုးအလျှော့ ခလုတ်နှင့်  ပါဝါအဖွင့်၊ အပိတ် ခလုတ်များကို လွယ်ကူစွာ အသုံးပြုနိုင်ရန်အတွက် ပြုလုပ်ပေးထားသည်။
တန်ဖိုး- ၄၅,ဝဝဝ ကျပ်
ဖုန်း- ၀၁-၃၈၀၅၃၆ ၊  ၀၉၇၃၂၂၄၉၈၉

Coopcc Powerbank 6000 mAh

ချစ်စဖွယ် ပန်းသီးပုံစုံဖြင့် Powerbank ဖြစ်သည်။ အားသိုလှောင်မှု ပမာဏအနေဖြင့် 6000mAh ပါဝင်သည်။ ပါဝါအဖွင့်အပိတ် ပြုလုပ်သည့် ခလုတ်ကို Powerbank ၏ ဘေးတွင်ထည့်သွင်း ပေးထားသည်။ iOS, Android, Symbian, Blackberry အပြင် အခြားသော မိုဘိုင်းထုတ်ကုန်များဖြင့် ချိတ်ဆက် အသုံးပြုနိုင်မည် ဖြစ်သည်။
တန်ဖိုး- ၂၅,ဝဝဝ ကျပ်
ဖုန်း- ၀၁-၃၈၀၅၃၆ ၊  ၀၉၇၃၂၂၄၉၈၉

Solar Charger Powerbank 5000 mAh

လျှပ်စစ်မီးမရှိသော နေရာများတွင် နေရောင်ခြည် စွမ်းအင်ဖြင့်ပါ အားသွင်း အသုံးပြုနိုင်သည့် Solar charger Powerbank ဖြစ်သည်။ အားသိုလှောင်မှု ပမာဏအနေ ဖြင့် 5000 mAh ကို အထောက်အပံ့ပေးထားပြီး Li-Polymer Battery အမျိုးအစားကို အသုံးပြုထားသည်။ Input DC 5V/1A ဖြစ်ပြီး Output DC 5V/2x1A ဖြစ်သည်။ အရွယ်အစားမှာ 142x75x13.6 mm ဖြစ်ပြီး အလေးချိန်မှာ 150g ရှိမည်ဖြစ်သည်။
တန်ဖိုး- ၁၈,ဝဝဝ ကျပ်
ဖုန်း- ၀၁-၃၈၀၅၃၆ ၊  ၀၉၇၃၂၂၄၉၈၉

Pisen Portable Power Bank (TS-D188) 10000 mAh

10000 mAh အားအပြည့် ပါဝင်သော  Power Bank ဖြစ်သည်။ 5V-2A ဖြစ်တဲ့အတွက် iPhone ကို အားသွင်းမည် ဆိုပါက တစ်နာရီလောက်သာ ကြာမည်ဖြစ်သည်။ အားသွင်းရန်အတွက် ကြိုးတစ်ချောင်း သပ်သပ်ပါဝင်သည်။ မီးအား အတက်အကျကို ထိန်းညှိပေးသလို ဖုန်းအားသွင်းနေစဉ် ဂိမ်းကစားပါကလည်း ဘက်ထရီကို မထိခိုက်နိုင်ကြောင်း သိရသည်။ Over Charger စနစ်ပါဝင်သည်။ အရောင်အနေဖြင့် အဖြူရောင် တစ်မျိုးတည်းသာ ရှိမည်ဖြစ်သည်။
တန်ဖိုး– ၁၅၈,ဝဝဝကျပ်
ဖုန်း- ၀၁-၂၄၅၉၄၅, ၀၉၄၀၂၆၀၁၇၁၈

Pisen Cloud Easy Power (WMM003) 5000 mAh

Pisen Cloud Easy Power Bank တွင် အားသိုလှောင် သိမ်းဆည်းမှုပမာဏ 5000mAh ပါဝင်သည်။  Powerbank တွင် ပါဝင်သော SD ကတ်ပေါက်တွင် SD Card ဆိုက်ပြီး WiFi On လိုက်ရုံဖြင့် SD ကတ်မှ အချက်အလက်များကို အသုံးပြုလိုသော Phone, iPad, iPhone နှင့် Tablet များထဲမှတစ်ဆင့် ကြည့်နိုင်မည်ဖြစ်သည်။ အချို့သော ဗီဒီယို ကားရှည်များကို Hardisk ထဲတွင် ထည့်သိမ်းထားပြီး မိမိ Android Phone ဖြင့် ပေါ့ပေါ့ပါးပါး ကြည့်နိုင်မည် ဖြစ်သည်။ တစ်နှစ်အာမခံ ပေးထားသည်။
တန်ဖိုး– ၄၀,၄၀၀ ကျပ်
ဖုန်း- ၀၁-၂၄၅၉၄၅, ၀၉၄၀၂၆၀၁၇၁၈

Pisen Shaving Power Box 5000mAh (SMPW20) 5000 mAh

ဖုန်းအားသွင်းခြင်း သာမကဘဲ မုတ်ဆိတ်မွှေးပါ ရိတ်နိုင်သော Power Bank ဖြစ်သည်။ ဒီဇိုင်းပိုင်းမှာ ထူးခြားပြီး သပ်ရပ်လှပသည်။ 5000mAh ရှိသောကြောင့် ဖုန်းနှစ်လုံးခန့်ကို အားသွင်းနိုင်မည် ဖြစ်သည်။ ဒါ့အပြင် Power Bank ကိုပြန်လည် အားဖြည့်သည့် အခါတွင်လည်း 5V-2A ဖြစ်သည့်အတွက် အားသွင်းမှု မြန်ဆန်မည် ဖြစ်သည်။ တစ်နေကုန် သုံးပြီး ညအိပ်ခါနီးမှ အားသွင်းထားပါကလည်း မိုးလင်းသည့်အခါ Over Charger မဖြစ်ဘဲ သိုလှောင်နိုင်စွမ်းကို ထိန်းညှိပေးသော Prevent Overcharging & Short Circuit System ကြောင့် စိတ်ချစွာ အသုံးပြုနိုင်မည် ဖြစ်သည် ။ တစ်နှစ်အာမခံ ပေးထားသည်။
တန်ဖိုး– ၂၈,၇၀၀ ကျပ်
ဖုန်း- ၀၁-၂၄၅၉၄၅, ၀၉၄၀၂၆၀၁၇၁၈

Color Power (TS –D147) 5600 mAh

5600 mAh ပါဝင်သော Color Power အမျိုးအစား Powerbank ဖြစ်သည်။ 5600mAh ပါရှိသည့်အတွက် ဖုန်းကိုနှစ်ကြိမ် အားဖြည့် ပေးနိုင်မည် ဖြစ်သည်။ Intelligent protection  system ပါဝင်သည့်အတွက် စိတ်ချစွာဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ Power bank ထဲမှ အားရှိမရှိကို power switch ထဲမှ Led flashlight ဖြင့် ဖော်ပြထားသည်။ ဒီဇိုင်းဆန်းပြီး slim ဖြစ်သောကြောင့် အလွယ်တကူ သယ်ဆောင်သွား နိုင်မည်ဖြစ်သည်။ Power bank ထဲမှ အထွက် Volt 5V-1A ရှိသော်လည်း ဖုန်းကိုမြန်ဆန်စွာဖြင့် အားသွင်းနိုင်မည်ဟု သိရသည်။ အရောင် ၉ မျိုးရှိပြီး အာမခံတစ်နှစ် ပေးထားသည်။
တန်ဖိုး– ၁၆,၅၀၀ ကျပ်
ဖုန်း- ၀၁-၂၄၅၉၄၅, ၀၉၄၀၂၆၀၁၇၁၈

Pisen Direct Type Hight Power Box(TS-D143) 5000 mAh

အရည်အသွေးပြီး တစ်နှစ်အာမခံ ပေးထားသော 5000mAh ပါဝင်သည့် Direct Type Hight Power Box ဖြစ်သည်။ 5000mAh ပါဝင်သောကြောင့် ဖုန်းကိုနှစ်ကြိမ် အားသွင်းနိုင်မည် ဖြစ်သည်။ အလိုအလျှောက် ဖြတ်တောက်ပေးသော over charger system စနစ် ပါဝင်သောကြောင့်  မိးအားအတက်အကျကို ပူစရာမလိုကြောင်း သိရသည်။ Charger ခေါင်းပါဝင်သည့် အတွက်ကြောင့် Direct type တွင်အားသွင်း နိုင်မည်ဖြစ်သည်။ ထို့အပြင် Dc အပေါက်ဖြင့်လည်း အားသွင်းနိုင်မည် ဖြစ်သည် ။ Android နှင့်  iPhone ကြိုးနစ်ကြိုးပူးတွဲ ပါဝင်သည့်အတွက် အလွယ်တကူ ယူဆောင်သွား နိုင်သည့်ပစ္စည်း ဖြစ်သည်။ OTG  Systen ပါဝင်သည့်အတွက် ဖုန်းနှင့် Data များကို အလွယ်တကူ ချိတ်ဆက်အသုံးပြု နိုင်မည်ဖြစ်သည်။ အဆင့်လေးဆင့်ဖြင့် Power Bank ထဲမှအားကို ပြသပေးသည်။
တန်ဖိုး– ၂၀,၂၀၀ ကျပ်
ဖုန်း- ၀၁-၂၄၅၉၄၅, ၀၉၄၀၂၆၀၁၇၁၈

Pisen LCD Power station TS-D075Lp 5000 mAh

5000 mAh ပါဝင်သော LCD Power station TS-D075Lp ကိုတစ်နှစ် အာမခံပေးထားပြီး Intelligent Protection Systen ပါဝင်သောကြောင့် မီးအားအတက်အကျ ပူစရာမလိုကြောင်း သိရသည်။  မိမိ၏ဖုန်းကို လျင်မြန်စွာ အားသွင်းနိုင်ပြီး ဖုန်းသုံးလုံးခန့် အားသွင်းပေး နိုင်မည်ဖြစ်သည်။ 5V-2A&5V-1AUSB ပေါက်နှစ်ပေါက် ပါဝင်သောကြောင့် ဖုန်းနှစ်လုံးကို တစ်ပြိုင်နက် အားသွင်းနိုင်မည် ဖြစ်သည်။ Wirred USB Cable တစ်ချောင်းပါဝင်ပြီး LCD Diplay ပါဝင်သောကြောင့် အားသွင်းသည့်အခါ သိသာထင်ရှားစွာ မြင်နိုင်မည်ဖြစ်သည်။ Power On\Off ခလုတ်ကိုTwich Systen ဖန်တီးပေးထားသည်။ အရာင်အနေဖြင့် အပြာရောင်၊ အမည်းရောင်နှင့် ပန်းရောင်ဟူ၍ သုံးမျိုးရှိမည် ဖြစ်သည်။
တန်ဖိုး– ၂၁,၅၀၀ ကျပ်
ဖုန်း- ၀၁-၂၄၅၉၄၅, ၀၉၄၀၂၆၀၁၇၁၈

CHAOHANG Mobile Power Bank 13500 mAh

မိုဘိုင်းဖုန်း အမျိုးမျိုးဖြင့် ချိတ်ဆက် အသုံးပြုနိုင်သော Chaohang  အမှတ်တံဆိပ် Mobile Power Bank ဖြစ်သည်။ မိမိမိုဘိုင်းဖုန်းအား အလွယ်တကူ အားဖြည့်သွင်းခြင်းများ ပြုလုပ်နိုင်သည့်အတွက် ခရီးဝေးသွားလာ တတ်သူများ ယူဆောင်သွားရန် အထူးသင့်လျော် မည်ဖြစ်သည်။ အားသိုလှောင် သိမ်းဆည်းမှု ပမာဏအနေဖြင့် 13500mAh ကို အထောက်အပံ့ ပေးထားသည်။ Input မှာ DC 5V/1A ဖြစ်ပြီး Output မှာ DC5 V/1A, 2A အထွက်ရှိမည် ဖြစ်သည်။ LED မီးလုံးပါဝင်သည့်အတွက် လက်နှိပ်ဓာတ်မီး အနေဖြင့်ပါ အသုံးပြုနိုင်မည် ဖြစ်သည်။
တန်ဖိုး- ၂၅,၉၀၀ ကျပ်
ဖုန်း- ၀၁- ၂၅၂၆၂၇

Samsung Power Bank 5000 mAh

မိုဘိုင်းဖုန်း အမျိုးမျိုးကို အားပြန်လည် သွင်းပေးနိုင်သော samsung အမှတ်တံဆိပ် Power Bank ဖြစ်သည်။ အားသိုလှောင် သိမ်းဆည်းမှု ပမာဏအနေဖြင့် 5000 mAh အထိ အထောက်အပံ့ ပေးထားသည်။ Power Bank ကို အားအပြည့် သွင်းထားပါက မည့်သည့်ဖုန်း အမျိုးအစားကိုမဆို ၃ ခေါက် မှ ၄ ခေါက်အတွင်း အားသွင်းခြင်းများကို ပြုလုပ်နိုင်မည် ဖြစ်သည်။ USB ပေါက်နှစ်ပေါက် ပါဝင်မည်ဖြစ်ပြီး မိုဘိုင်းဖုန်းနှစ်လုံးအား တစ်ပြိုင်နက် အားသွင်းခြင်းကို ပြုလုပ်နိုင်မည် ဖြစ်သည်။ အားသွင်းရာတွင်လည်း မီးအားပြည့်မပြည့်ကို LED မီးလုံး ပါဝင်သည့်အတွက် လက်နှိပ်ဓာတ်မီး အနေဖြင့်ပါ အသုံးပြုနိုင်မည် ဖြစ်သည်။
တန်ဖိုး- ၁၀,၀၀၀ ကျပ်
ဖုန်း- ၀၁- ၃၈၂၈၆၈, ၃၉၈၃၄၃

SUNGZU Solar Power Bank 2600 mAh

လျှပ်စစ်မီး မရှိသော နေရာများတွင် နေစွမ်းအင်ဖြင့်ပါ အားသွင်းအသုံးပြုနိုင်သည့် Solar charger Powerbank ဖြစ်သည်။ အားသိုလှောင်မှုပမာဏ အနေဖြင့် 2600 mAh ကိုအထောက်အပံ့ ပေးထားပြီး Li-Polymer Battery အမျိုးအစားကို အသုံးပြုထားသည်။ USB 2.0 Output ရှိမည် ဖြစ်ပြီး LED မီးလုံးလေးလုံး ပါဝင်သည့်အတွက် လက်နှိပ်ဓာတ်မီး အနေဖြင့်ပါ အသုံးပြုနိုင်မည် ဖြစ်သည်။
တန်ဖိုး- ၁၇,၈၀၀ ကျပ်
ဖုန်း- ၀၁- ၂၅၂၆၂၇

Credit : Internet Journal

0 comments: