Friday, September 6, 2013

Windows မှ ရုန်းထွက်ချင်သူများအတွက် Ubuntu လမ်းညွန်း


Windows 8 ကို အကြောင်း အမျိုးမျိုးကြောင့် စိတ်ပျက်လို့ Linux ကို ပြောင်းသုံးချင်စိတ်ပေါက်နေသူ များအတွက် Linux ရဲ့ Ubuntu OS နဲ့ ပတ်သက်သမျ အချက်အလက်တွေကို ပြည့်ပြည့် စုံစုံ တင်ပြလိုက် ပါတယ်။
Linux ရဲ့ သမိုင်းကြောင်း တစ်လျောက်လုံးမှာ အခုကာလလောက် ကောင်းတဲ့အခွင့်အရေးမျိုးကို ဘယ်တုန်းကမှ မရခဲ့ဖူးပါဘူး။ Opera ting system သမိုင်းမှာ Microsoft ကပဲ အသာစီးရယူထား ခဲ့တာဖြစ်ပေမဲ့ Windows 8 မှာတော့ touch-first လို့ Microsoft ကပြောထားတဲ့ desktop interface အသစ်ကို ပြောင်းလဲခဲ့တာ ကြောင့် လက်ရှိ Windows user တွေထဲမှာ Windows 8 ကို စိတ်ပျက်နေကြသူတွေလည်း ရှိလာပါပြီ။ အရင်က အမြဲတမ်းလိုလို လျစ်လျူရှုခံထားခဲ့ရတဲ့ Linux ဟာ သူ့ရဲ့ Valve’s Stream ဆိုတဲ့ နည်းပညာ ကြောင့် game နဲ့ app တွေ အများ ကြီး သုံးနိုင်ပြီဖြစ်တာကြောင့်ရယ်၊ Windows 8 အကူးအပြောင်း ကြောင့်ရယ် အခုဆို Windows user တွေအကြား ရွေးချယ်စရာ opera ting system တစ်ခုအဖြစ် ရေပန်းစားလာနေပါပြီ။

Linux ရဲ့ Ubuntu ဟာ open-source ဖြစ်တဲ့အတွက် ရိုးရှင်းလွယ်ကူမှု ရှိပြီး user တွေအနေနဲ့ (Windowsတုန်းကလိုမျိုး) မူပိုင်ခွင့်ချိုးဖောက်ဖို့ မလိုပါဘူး။ ပြီးတော့ Ubuntu ကို လက်ရှိ ရှိနေပြီးသား Windows setup နဲ့ တွဲပြီး install လုပ်ထားနိုင်သလို (memory stick ၊ data CD တို့ကတဆင့်) install လုပ်စရာမလိုဘဲ သုံးနိုင်တာကတော့ အဓိက အားသာချက် ဖြစ်ပါတယ်။

Desktop တွေနဲ့ laptop တွေအတွက် ထုတ်လုပ်ထားတဲ့ Linux ရဲ့ operating system တွေထဲမှာတော့ Ubuntu ဟာ လူကြိုက်အများ ဆုံးနဲ့ အသုံးအတည့်ဆုံးပါပဲ။ Ubuntu OS ကိုယ်တိုင်ကိုက စွမ်းဆောင် ရည်မြင့်မားပြီး အရင် Steam မှာ ကတည်းက လက်တွဲလာခဲ့တဲ့ Valve အပါအ၀င် တခြား software developer တွေရဲ့ app တွေလည်း အပြိုင် အဆိုင်ထွက်ပေါ်လာဦးမှာပါ။ Interface ကလည်း တခြား OS တွေနဲ့ မတူပဲ ဆွဲဆောင်မှုရှိတဲ့ user interface ဖြစ်ပြီး အသုံးပြုနေရင်း အဆင် မပြေလို့ပဲ ဖြစ်ဖြစ်၊ ပြဿနာတစ်ခုခုတက်လာလို့ပဲဖြစ်ဖြစ် လိုအပ်သမျ အကူအညီတွေကို online မှာ ရနိုင်ပါတယ်။

Ubuntu ကို install လုပ်ခြင်း

Ubuntu ကတကယ့်လက်တွေ့မှာ ဘယ်လိုအလုပ်လုပ်သလဲဆိုတာ၊ ဘာနဲ့တူသလဲဆိုတာကိုတော့ ကိုယ်တိုင် install လုပ်ပြီး သုံးကြည့်မှပဲ သိပါလိမ့်မယ်။ install လုပ်တဲ့အခါမှာ Ubuntu နဲ့ boot တက်နိုင်ဖို့ boot device တစ်ခုဖန်တီးပေးရပါမယ်။ ဒီ့အတွက် Ubuntu ရဲ့ home page ဖြစ်တဲ့ www.ubuntu.com ကနေ Ubuntu disk image ကို ISO file အဖြစ် download ချလိုက်ပါ။ Download ပြီးသွားရင် အဲဒီ ISO file ကို CD ၊ ဒါမှ မဟုတ် DVD အလွတ်တစ်ချပ်ပေါ်မှာ burn လိုက်ရင်ရပါပြီ။ Memory Stick လိုမျိုးUSB device တွေကနေလည်း boot တက်လို့ ရနိုင်ပါတယ်။ USB device ကို အသုံးပြုပြီး boot တက် ပုံအဆင့်ဆင့်ကို go.pcworld.com/linuxusb မှာ ဖော်ပြထားပါတယ်။

Ubuntu boot device ကို disc ၊ ဒါမှမဟုတ် USB drive တစ်ခုခုနဲ့ ဖန်တီးပြီးရင်တော့ PC နဲ့ ချိတ်ပြီး စက်ကို restart လုပ်လိုက်ပါ။Boot ပြန်တက်လာတဲ့အခါ live Ubuntu environment ထဲ ရောက်နေမှာ ဖြစ် ပြီး Ubuntu ကို install လုပ်စရာမလိုပဲ သုံးလို့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ တကယ် install လုပ်ပြီး သုံးတာလောက်တော့ မမြန်ဆန်ပါဘူး။ လက် ရှိ Windows သုံးနေတဲ့စက်မှာ Ubuntu ကို ထပ်ပြီး install လုပ်မယ်ဆို ရင်တော့ boot တက်လာတဲ့အခါတိုင်း ကိုယ်ဘယ် OS နဲ့ သုံးမလဲဆို တာ ရွေးပေးရမှာ ဖြစ်ပါတယ်။

Ubuntu ကို install လုပ်မယ်ဆိုရင် Windows ရဲ့ တရားဝင် Ubuntu installer ဖြစ်တဲ့ Wubi ကို သုံးကြည့်စေချင်ပါတယ်။ Wubi ဟာ Windows သုံးနေတဲ့စက်မှာ Ubuntu သုံးဖို့အဆင်ပြေအောင် install လုပ်ပေးမှာဖြစ်ပြီး program တစ်ခု install လုပ်သလိုမျိုး လွယ်ကူပါ တယ်။

Computer စဖွင့်ဖွင့်ချင်းမှာ Ubuntu နဲ့ သုံးမယ်လို့ ရွေးပြီးတဲ့ နောက်မှာတော့ Ubuntu ကို သုံးနိုင်ပေမဲ့ startup လုပ်ရင်တော့ နည်း နည်းတော့ နှေးပါတယ်။ Ubuntu က သူ့ရဲ့ file တွေကို Linux သီးသန့် partition တွေမှာ မသိမ်းဘဲ Windows file system ထဲမှာ သွားသိမ်းထား တာကြောင့် ကိုယ့်အနေနဲ့ game သွင်းမယ်ဆိုရင်ပဲဖြစ်ဖြစ်၊ Ubuntu ကိုပဲ အမြဲသုံးမယ်ဆိုရင်ပဲဖြစ်ဖြစ် စဉ်းစားစရာအချက် ဖြစ်ပါတယ်။ Windows ကို uninstall လုပ်ချင်ရင်တော့ control panel ထဲက Add/Remove Programs ကတဆင့် လွယ်လွယ်ပဲ uninstall လုပ်နိုင်ပါတယ်။

Driver တွေ လိုက်ရှာနေစရာမလိုတော့ပါဘူး
အရင်တုန်းက Windows PC တွေမှာ hardware တစ်ခုခုကို support မပေးနိုင်တဲ့ အခါ driver တွေကို website တစ်ခုပြီးတစ်ခုအသေအကျေလိုက်ရှာရတဲ့ ပြဿနာတွေမရှိတော့ပါဘူး။Ubuntu မှာက သူ့နဲ့ ပတ်သက်တဲ့ driver တွေ အပါအ၀င် သူ run ဖို့ လိုအပ်တာတွေကို တစ်ပါတည်း ယူဆောင်လာပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် အရင်တုန်းက အလုပ်အရှုပ်ဆုံးဖြစ်ခဲ့တဲ့ driver ရှာရခြင်းဆိုတဲ့ ပြဿနာတွေ အခု Ubuntu မှာ မရှိတော့ပါဘူး။

Ubuntu သုံးတဲ့အခါ driver တွေ လိုက်ရှာစရာ မလိုတော့ပေမယ့် နောက်ဆုံးပေါ် graphics card တွေအတွက်တော့ ချွင်းချက်ရှိပါတယ်။ Graphics card အတွက် Nvidia ၊ ဒါမှမဟုတ် ATI တို့ ကို သုံးတဲ့အခါ ဒီ GPU တွေရဲ့ မူရင်း manufacturer ရဲ့ graphics driver တွေကို ထည့် သွင်းခိုင်းပါလိမ့်မယ်။ ဒါကလည်း အရည်အသွေးအမြင့်ဆုံး 3D graphics စွမ်းဆောင်ရည်ကို ရရှိစေဖို့ဖြစ်ပြီး driver ကို install လုပ်ရတယ်
ဆိုပေမဲ့ အရင် Windows တွေမှာလို အချိန်ကုန်လူပန်း ဖြစ်စရာမလိုဘဲ click တစ်ချက်၊ ၂ ချက်နဲ့တင် ပြီးနိုင်ပါတယ်။
Software တွေနဲ့ ပတ်သက်လို့
Ubuntu မှာ install လုပ်ကတည်းက ပါဝင်လာပြီးသား app တွေ ရှိပါ တယ်။ ဒီအထဲမှာ browser အဖြစ် Firefox နဲ့ productivity suite အဖြစ် LibreOffice တို့ ပါဝင်လာပါတယ်။ တခြား app တွေ ထပ်ထည့်ချင်ရင် တော့ Ubuntu Software Center ကနေတဆင့် ရယူရမှာပါ။ Sreen ရဲ့ ဘယ်ဘက် dock ပေါ်ကshopping-bag ပုံစံ icon လေးကို click လုပ် လိုက်ရင် software center ထဲရောက်မှာဖြစ်ပြီး ကိုယ်လိုချင်တဲ့ software တွေ၊ app တွေကို စိတ်ကြိုက်ရှာဖွေနိုင်ပါတယ်။ ဒီsoftware center မှာ Ubuntu အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အခမဲ့ app တွေ အများ ကြီးရှိရှိသလို ၀ယ်ယူအသုံးပြုရမယ့် app တွေဟာလည်း ဈေးသိပ်မ များလှပါဘူး။ Software center ရဲ့ interface က user-friendly ဖြစ်တဲ့ အပြင် သူက Ubuntu အတွက် software management tool အဖြစ်လည်း အလုပ်လုပ်ပေးနိုင်ပါတယ်။ ဆိုလိုတာကတော့ သူ့ကို တခြား app တွေ၊ ဒါမှမဟုတ် terminal command တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး အလုပ်လုပ်ပေးနိုင်တာပါပဲ။

Google Chrome နဲ့ Steam လိုမျိုး app တွေကတော့ Ubuntu software center မှာ မရနိုင်သေးပါဘူး။ သူတို့ကို တော့ သက်ဆိုင်ရာ website တွေကနေ .deb file အဖြစ် download လုပ်ရမှာဖြစ်ပါတယ်။ အဲဒီ .deb file ကို Double-click လုပ်လိုက်ရုံနဲ့ Ubuntu က သူ့အလိုလို install လုပ်ပေးပါတယ်။

Windows နဲ့ မတူက နောက်တစ်ခုကတော့ software တွေကို update လုပ်တဲ့အပိုင်းပါပဲ။ Windows မှာတော့ app တိုင်းဟာ ကိုယ်ပိုင် updater တစ်ခုခု မဖြစ်မနေ ပါ ၀င်ရပေမယ့် Ubuntu မှာတော့ software တွေ update လုပ်တဲ့ အပိုင်းကို standard software-management ရဲ့ tool တွေကပဲ တာဝန်ယူပြီး လုပ်ပေးတာပါ။ Google Chrome လိုမျိုး third-party app တွေမှာတော့ ကိုယ်ပိုင် updater ပါဝင်ပြီးသား ဖြစ်ပါတယ်။ အခုလို သီးသန့် updater ထည့်ပေးထားပေမယ့် ဒါတွေအားလုံးဟာ Ubuntu software updater မှာ အချိန်နဲ့တပြေးညီ ပေါ်နေမှာဖြစ်ပြီး အဲဒီ ကနေ ကိုင်တွယ်ထိန်းချုပ်နိုင်ပါလိမ့်မယ်။

Unity desktop ကို အသုံးပြုပုံ

Ubuntu ရဲ့ default ပါဝင်တဲ့ desktop environment တစ်ခုဖြစ်တဲ့ Unity ကတော့ Linux ရဲ့ desktop ပုံစံတွေထဲက တစ်ခုပါ။ Linux ကတော့ Unity ကိုမှ သုံးရမယ်လို့ မပြောထားပါဘူး။ ကိုယ်နဲ့ အဆင်အပြေဆုံးကို ရွေးချယ်နိုင်ဖို့ desktop အမျိုးအစားတွေ တစ်ခုမက စမ်းသပ် အသုံးပြု ခွင့်ပေးထားပါတယ်။ အခုဖော်ပြမှာကတော့ Unity desktop ရဲ့ အဓိက feature တွေပဲ ဖြစ်ပါတယ်။

The Dock

Dock ကတော့ Windows 7 user တွေနဲ့ စိမ်းမှာမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ Ubuntu ရဲ့ taskbar လို့ဆိုရမယ့် dock ဟာ Windows 7 က taskbar နဲ့ ပုံစံတူ ဖြစ်ပါတယ်။ Screen ရဲ့ ဘယ် ဘက်ခြမ်းမှာရှိတဲ့ dock ဟာ Windows 7 taskbar လိုပဲ လက်ရှိ အသုံးပြု နေတဲ့ app တွေကို ပြပေးပါလိမ့်မယ်။ နောက်ပြီး အသုံးအများဆုံး app တွေကိုလည်း dock ပေါ်က Quick List ထဲမှာ မြင်သာအောင်တင်ပေး ထားတဲ့အတွက် ကိုယ်သုံးချင်တဲ့အခါ အလွယ်တကူသုံးနိုင်ပါတယ်။ Windows taskbar နဲ့ မတူတဲ့အချက်ကတော့ ဒီ dock ကို screen ရဲ့ ဘယ်ဘက်ခြမ်းကလွဲလို့ တခြားနေရာကို ပို့လို့မရပါတာပါပဲ။

The Dash

Dock မှာက အသုံးများတဲ့ app တွေကို ပဲပြပေးမှာဖြစ်လို့ install လုပ်ထားပြီးသား တခြား app တွေအားလုံးကို ကြည့်ချင်ရင်တော့ Dash မှာ သွားရောက်ကြည့်ရှုရမှာပါ။ ဒီအတွက် တော့screen ပေါ်က Ubuntu icon လေးကို နှိပ်လိုက်ရင်ပဲဖြစ်ဖြစ်၊ Keyboard ပေါ်မှာဆိုရင် တော့ (Ubuntu မှာ Super Key လို့ အမည်ရတဲ့) key ကို နှိပ်လိုက်ရင်ပဲဖြစ်ဖြစ် Dash ပေါ် ရောက်သွားမှာ ဖြစ်ပါတယ်။
App Icon တွေကို Dock ပေါ်မှာ Lock/Unlock လုပ်ခြင်း

App အသစ်တစ်ခုခုကို ဖွင့်လိုက်တဲ့အခါမှာ သူ run နေတဲ့တစ် လျောက် အဲဒီ app ရဲ့ icon ဟာ Dock ပေါ်မှာလာ ပေါ်နေမှာ ဖြစ်ပါ တယ်။ အဲဒီ icon တွေကို Dock ပေါ်မှာ အမြဲတမ်းတင်ထားချင်ရင်တော့ icon ပေါ် right-click လုပ်ပြီး lock လုပ်နိုင်သလို မထားချင်တော့ရင် လည်း right-click နှိပ်ပြီး unlock ပြန်လုပ်နိုင်ပါတယ်။

App Menu များ ဖော်ပြခြင်း

Ubuntu မှာ မူလ ပါဝင်ပြီးဖြစ်တဲ့ menu bar ဟာ Mac OS ပုံစံလို မျိုး universal menu bar ပုံစံ ဖြစ်ပါတယ်။ ဥပမာ Firefox ကို ဖွင့်ထား တယ်ဆိုရင် file၊ edit နဲ့ view စတဲ့ menu တွေကို screen ရဲ့ ထိပ်ဆုံးမှာ ရှိတဲ့ panel မှာ မြင်ရမှာဖြစ်ပေမယ့် Firefox window မှာတော့ မြင်ရမှာ မဟုတ် ပါဘူး။

Home Folder

Ubuntu ရဲ့ file manager ကို ဖွင့်လိုက်ရင် ကိုယ့်စက်ရဲ့ Home Folder ကို ရောက်ပါပြီ။ ဒါဟာ Windows မှာ တုန်းက Home Folder ဖြစ်တဲ့ C:\Users\Name နဲ့ သဘောတရားချင်းတူပါတယ်။ ဒါပေမဲ့ Windows နဲ့ မတူတာက Ubuntu မှာ user account တစ်ခုအနေနဲ့ Home Folder ကလွဲပြီး တခြားနေရာက file တွေကို write access လုပ်ခွင့်မရှိပါဘူး။ ဒါကြောင့် Home Folder မှာ file တွေ သိမ်းတာနဲ့ ပတ်သက် ပြီး အလေ့အကျင့် လုပ်ထားဖို့ လိုပါတယ်။

Workspaces

Linux ကတော့ workspace ပိုင်းမှာ virtual desktop ဆိုတဲ့ feature နဲ့ အကောင်းဆုံး အထောက်အပံ့ပေးထားပါတယ်။ Virtual desktop ဆိုတာ window တွေကို တစ်ချိန်တည်းမှာ အများကြီးဖွင့်နိုင်မယ့် သီး ခြား workspace ဖြစ်ပါတယ်။ Workspace တစ်ခုကနေတစ်ခုပြောင်း ပြီး အလုပ်လုပ်ဖို့ - နဲ့ arrow key တစ်ခုကိုပေါင်းပြီး နှိပ် ကာ ကူးပြောင်းနိုင်ပါတယ်။

Dock ရဲ့ အောက်ခြေနားမှာရှိနေတဲ့ Wordspace Switcher icon က ကိုယ်ဖွင့်ထားတဲ့ workspace တွေကို ကြည့်နိုင်၊ ထိန်းချုပ်နိုင်စေပါ တယ်။ Workspace တစ်ခုနဲ့တစ်ခုကြားထဲမှာ window တွေကိုရွှေ့ပြောင်း ချင်တယ်ဆိုရင်တော့ title bar ကို right-click ထောက်ပြီး context menu ထဲက option ကို ရွေးချယ်နိုင်သလို၊ Wordspace Switcher ထဲ drag & drop လုပ်ထည့်နိုင်တဲ့အပြင် -- နဲ့ arrow key တစ်ခု ကို တစ်ပြိုင်နက်တည်းတွဲနှိပ်ပြီးလည်း ပြောင်းရွှေ့နိုင်ပါတယ်။

The HUD

Ubuntu ရဲ့ head-up display (HUD) ကတော့ app တစ်ခုရဲ့ menu item တွေကို keyboard ကနေတစ်ဆင့် လွယ်လွယ်ကူကူ ရှာဖွေသုံးနိုင်စေမယ့် နည်း လမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို ရယူအသုံးပြု နိုင်ဖို့ ကိုယ်သုံးချင်တဲ့ program menu ထဲက command တစ်ခုခုကို key နှိပ်ထားလျက်နဲ့ type လုပ်လိုက်ခြင်းဖြင့် activate လုပ်နိုင်ပါ တယ်။

ဥပမာ File Manager ထဲက View ထဲက Show Hidden Files menu option ကို အလုပ်လုပ်စေချင်တယ်ဆိုရင် “Show Hidden” ဆိုတဲ့ စာ သားကို key နှိပ်ထားလျက်နဲ့ type ရိုက်ပြီး ခေါက်လိုက် ရုံပါပဲ။ ဒီ feature က menu option တွေ ရုတ်တရက်ရှာမတွေ့တဲ့အခါ မှာ အသုံးဝင်ပါလိမ့်မယ်။

Indicator app အသေးစားများ

Windows မှာ တုန်းကလိုပဲ ကိုယ့်စက်ရဲ့ battery status ၊ network connection အခြေအနေနဲ့ sound settings တွေကိုတော့ applet တွေလို့ အသိများတဲ့ အသေးစား indicator app တွေနဲ့ ဖော်ပြပေးမှာ ဖြစ်ပါ တယ်။ App တွေအနေနဲ့လည်း သူတို့နဲ့ သက်ဆိုင်တဲ့ Indicator Applet တွေ ပါဝင်လာမှာ ဖြစ်ပါပြီး စက်ပိတ်ချင်တဲ့အခါ၊ ဒါမှမဟုတ်system settings window ကို access လုပ်ချင်တဲ့ အခါမျိုးတွေမှာ စက်သွား( Gear) ပုံ icon လေးအောက်က options တွေကတဆင့် သွားနိုင်မှာဖြစ်ပါတယ်။

Desktop Hotkeys

Unity နဲ့ ပတ်သက်တဲ့ shortcut key တွေ အားလုံးကိုသိချင်ရင်တော့ (Super) key ကိုသာ ကြာကြာလေး ဖိထားလိုက်ရင် စာရင်းဇယားနဲ့တကွ ကျလာမှာဖြစ်ပါတယ်။
Stress-Test နဲ့ စက်ရဲ့ hardware ပိုင်းကို စမ်းသပ်ပုံအဆင့်ဆင့်
Stress-Test လုပ်တယ် ဆိုတာကတော့ အခုမှအသစ်ဝယ် လာတဲ့ စက်၊ ဒါမှမဟုတ် ပူပူနွေးနွေး overclock လုပ်ထားတဲ့ စက် တို့ကို သူတို့ရဲ့ အမြင့်ဆုံး အခြေအနေအထိ ရောက်အောင် အလုပ်လုပ်ခိုင်းပြီး ဒီစက်တွေရဲ့ stability ကို စစ်ဆေးပေးခြင်းပဲ ဖြစ်ပါ တယ်။



 Credit to : PCWorld Myanmar

0 comments: